မကွေးတိုင်း၊စလင်းမြို့နယ်တွင်မဟာသင်္ကြန်ပွဲတော်အားစည်ကားသိုက်မြိုက်စွာကျင်းပမည်

Apr 07 • 3:12 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်း၊စလင်းမြို့နယ်တွင်မဟာသင်္ကြန်ပွဲတော်အားစည်ကားသိုက်မြိုက်စွာကျင်းပမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မြို့နယ်အဆင့်၊ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက် သင်္ကြန်၊စ...

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မြို့နယ်အဆင့်၊ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက် သင်္ကြန်၊စတုဒိသာအလှူများ၊ ယိမ်းအကအဖွဲ့အစီအစဉ် များဖြင့်၊စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။စလင်းမြို့နယ်၊ဗဟိုရေကစားမဏ္ဍပ်အား၊မြင်တင်ရပ် ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး၌ တည်ဆောက်သွားမည်ဖြစ်ပြီး၊ သင်္ကြန်ပွဲတော်ရက်များ တွင် နေ့စဥ်ဌာနအသီးသီးနှင့် ရပ်ကွက်တို့မှ ယိမ်းအဖွဲ့များ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပါဝင်ဖျော်ဖြေကြမည့် ယိမ်းအဖွဲ့များကလည်း မိမိတို့၏ ဌာနများနှင့်၊မိမိတို့၏ဌာန၊ရပ်ကွက်များအလိုက်၊သတ် မှတ်နေရာအသီးသီး၌၊ယိမ်းအဖွဲ့များမှ ကြိုတင်ပြင်ဆင် လေ့ကျင့်လျက် ရှိသည်။စလင်းမြို့နယ်တွင်၊ယခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ တော်ကို ရေကစားမဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ပွဲ၊ ရိုးရာသင်္ကြန်ယိမ်းအကများ၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါန ငါးလွှတ်ပွဲ စသည်တို့ဖြင့် ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိ ရသည်။

news-view-count-icon

7