ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် နေ့လယ်ပိုင်းအချိန်တွင်ပင် ဆိုင်ကယ်ဖြင့် လုယက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ဖြစ်စဉ်မှာ ဧပြီလ ၅ ရက်နေ့ နေ့လယ် ၂ နာရီခွဲခန့်တွင် ကျောက်တိုင်ကွေ့ ရပ်တော်မူကုန်းတက် လမ်းပိုင်းရှိ ဧဒင်အလှပြင်ဆိုင်အနီးတွင် ဆိုင်ကယ်ဖြင့် လာရောက်သူများက ပိုက်ဆံအိတ် လုယူမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။ယခုကဲ့သို့ နေ့လယ်ပိုင်းအချိန်တွင်ပင် လုယက်မှု များရဲတင်းစွာဖြစ်ပွါးနေပြီး ရဲစခန်းအနီးမှာပင်ခိုးယုလုယှက်မူများ နေ့စဉ်ဖြစ်ပွါးနေကြောင်းသိရပါသည်။ထိုသို့ဖြစ်ပွားမှုများကြောင့် ပြည်သူများအနေဖြင့် သွားလာရာတွင် သတိပြုရန် လိုအပ်နေပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောကြားထားသည်။
ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့ ရဲစခန်းအနီးတွင် နေ့ခင်းကြောင်တောင် ပိုက်ဆံအိတ်လုယူမှုဖြစ်ပွား
Apr 06 • 2:47 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 14 | 0 | 0 | 0 |


