ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ အာရှနဂါးအထည်ချုပ်စက်ရုံတွင် လစာထုတ်ရက်၌ လက်နက်ကိုင်ဓါးမြတိုက်ခံရ

Apr 04 • 9:14 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ အာရှနဂါးအထည်ချုပ်စက်ရုံတွင် လစာထုတ်ရက်၌ လက်နက်ကိုင်ဓါးမြတိုက်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၉ လမ်းဆုံအနီးရှိ အာရှနဂါးအထည်ချုပ်စက်ရုံတွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် (ယနေ့) နံနက် ၁၁ နာရီကျော်အချိန်ခန့်က ပျောက်ကျ...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၉ လမ်းဆုံအနီးရှိ အာရှနဂါးအထည်ချုပ်စက်ရုံတွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် (ယနေ့) နံနက် ၁၁ နာရီကျော်အချိန်ခန့်က ပျောက်ကျားဝတ်စုံဝတ်ဆင်ထားသည့် လက်နက်ကိုင်ဆောင်ထားသူ အမျိုးသားနှစ်ဦးက ဝင်ရောက်ဒမြတိုက်မှု ကျူးလွန်ခဲ့ကြောင်း သိရသည်။ ဓါးမြတိုက်သူများသည် စက်ရုံအနောက်ဘက်ပေါက်မှ ဝင်ရောက်လာကာ လုံခြုံရေးဝန်ထမ်းအား သေနတ်ဖြင့်ချိန်ရွယ်၍ ငွေကိုင်စာရေးမထံသို့ ခေါ်ဆောင်ခိုင်းပြီး စက်ရုံရှိငွေကြေးများကို ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။ ယနေ့သည် စက်ရုံအလုပ်သမား ၈၀၀ ကျော်အတွက် လစာထုတ်ပေးရမည့်ရက်ဖြစ်သော်လည်း ယခုဖြစ်စဉ်ကြောင့် လစာပေးချေမှုကို လာမည့်တနင်္လာနေ့ သို့မဟုတ် အဆင်ပြေမည့်ရက်သို့ ရွှေ့ဆိုင်းလိုက်ရကြောင်း အလုပ်သမားများ၏ ပြောကြားချက်အရ သိရှိရပါသည်။

news-view-count-icon

19