ရှမ်းပြည်တောင်ပိုင်း၊တောင်ကြီး စိုက်ပျိုးတောင်သူများ ရေစုပ်စက်နှင့် မီးစက်များပါ သယ်ပြီး ဆီတန်းစီနေရ

Apr 04 • 7:48 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်တောင်ပိုင်း၊တောင်ကြီး စိုက်ပျိုးတောင်သူများ ရေစုပ်စက်နှင့် မီးစက်များပါ သယ်ပြီး ဆီတန်းစီနေရ

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ပလီလင်းကျေးရွာတွင် စိုက်ပျိုးတောင်သူများအတွက် လိုအပ်သည့် စက်သုံးဆီများ ထုတ်ပေးရာ၌ စိုက်ခင်းတွင် အသုံးပြုသည့် ရေစုပ်စက်နှ...

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ပလီလင်းကျေးရွာတွင် စိုက်ပျိုးတောင်သူများအတွက် လိုအပ်သည့် စက်သုံးဆီများ ထုတ်ပေးရာ၌ စိုက်ခင်းတွင် အသုံးပြုသည့် ရေစုပ်စက်နှင့် မီးစက်များကိုပါ သယ်ဆောင်လာကာ ဆီတန်းစီ ထုတ်ယူနေကြရကြောင်း ဒေသခံများထံမှ သိရသည်။လတ်တလောတွင် အီရန်စစ်ပွဲ အကျိုးဆက်ကြောင့် စက်သုံးဆီ ပြတ်လပ်မှု ဖြစ်ပေါ်နေပြီး ယခင်က စိုက်ပျိုးတောင်သူများကို ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာဖြင့် ဆီထုတ်ပေးလေ့ ရှိခဲ့သော်လည်း တောင်သူ မဟုတ်သူများက ထောက်ခံစာ အသုံးပြု၍ ဆီထုတ်ယူမှုများ ရှိလာသဖြင့် လက်ရှိတွင် အမှန်တကယ် စိုက်ပျိုးရေး လုပ်ကိုင်နေသူများ ဖြစ်ကြောင်း သက်သေပြနိုင်ရန် စိုက်ပျိုးရေးတွင် အသုံးပြုသည့် ရေစုပ်စက်နှင့် မီးစက်များကို ယူဆောင်လာကာ ဆီထုတ်ယူရခြင်း ဖြစ်ကြောင်း သိရသည်။“သီးနှံဈေး မတက်အောင် ကြံဖန် ဒုက္ခခံရတာပေါ့ဗျ။ ဆိုင်ကယ်ဆိုလည်း တစ်စီးကို ၁၅ လီတာပေးတယ်၊ တစ်ပတ်ကို ၂ ကြိမ်ပေးတယ်။ ဒါပေမယ့် ဆိုင်ကယ်တစ်စီးမှာ ၁၅ လီတာ မဆန့်ဘူးလေ၊ မီးစက်ကတော့ ဘယ်လောက်စက်ဖြစ်ဖြစ် အပြည့်ထည့်ပေးတယ်။ ၃၀ လီတာအပြည့်တော့ ရအောင်ယူရမှာပဲ မတတ်နိုင်ဘူး” ဟု ပလီလင်းရွာ တောင်သူတစ်ဦးက ပြောသည်။ရှမ်းပြည်တွင် ယင်းကဲ့သို့ ရေစုပ်စက်နှင့် မီးစက်များ တင်ဆောင်လာကာ ဆီထုတ်ယူနိုင်သည့် နေရာမှာ တောင်ကြီးမြို့နယ်၊ ပလီလင်းကျေးရွာသာ ရှိသေးပြီး အခြား စိုက်ပျိုးရေး လုပ်ကိုင်သည့် ကျေးရွာများတွင်မူ လိုင်စင်ပါ မော်တော်ယာဉ်များကိုသာ ဆီထုတ်ပေးနေသဖြင့် လိုင်စင်မဲ့ယာဉ်များနှင့် စိုက်ပျိုးရေးသုံး ရေစုပ်စက်နှင့် မီးစက်များအတွက် ပြင်ပ မှောင်ခိုဈေးကွက်မှသာ ဝယ်ယူ အသုံးပြုနေရပြီး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။


news-view-count-icon

19