ဧရာဝတီတိုင်း၊ ဓနုဖြူမှာ လယ်ရောင်းမည့်သူ များနေပြီး ဝယ်သူမရှိဖြစ်နေ

Apr 02 • 1:21 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်း၊ ဓနုဖြူမှာ လယ်ရောင်းမည့်သူ များနေပြီး ဝယ်သူမရှိဖြစ်နေ

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်ထဲက လယ်ပိုင်ရှင်၊ လယ်သမားတွေဟာ လာမယ့်နှစ်ကို လယ်ဆက်စိုက်ဖို့ အဆင်မပြေတော့တာကြောင့် လယ်ရောင်းပြီး ပြည်ပနိုင်ငံတွေမှာ အလုပ်သွားလုပ်ကြဖ...

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်ထဲက လယ်ပိုင်ရှင်၊ လယ်သမားတွေဟာ လာမယ့်နှစ်ကို လယ်ဆက်စိုက်ဖို့ အဆင်မပြေတော့တာကြောင့် လယ်ရောင်းပြီး ပြည်ပနိုင်ငံတွေမှာ အလုပ်သွားလုပ်ကြဖို့ စီစဉ်နေကြပေမယ့် ဝယ်မယ့်သူမရှိဘူး ဖြစ်နေပါတယ်။ ဓနုဖြူမြို့နယ်ထဲက နှဲကြိုး၊ ဖက်သောင် စတဲ့ကျေးရွာအုပ်စုတွေအပါအဝင် မြောက်ဘက်ပိုင်းက ကျေးရွာတွေမှာ လယ်ရောင်းဖို့ စီစဉ်နေကြတဲ့ လယ်သမားပေါင်း ၂၀ နဲ့ အထက်ရှိပြီး လယ်ဧကပေါင်း ရာနဲ့ချီရှိနေပါတယ်။ “ လယ်တွေကဈေးကြီးလို့ ရောင်းမထွက်တာ မဟုတ်ဘူး။ ဝယ်ထားပြီး ဘာလုပ်ရမှာလဲ ဆိုတာကိုလူတွေက မသိကြတော့တာ။ စိုက်ရင်ရှုံးဖို့ရာနူန်းများနေတော့ ဘယ်သူမှစိုက်ဖို့ မဝယ်တော့ဘူးလေ။ ကျွန်တော်တို့ မြောင်းမြဘက်မှာလည်း လယ်တွေရောင်းကြတာ ဝက်ဝက်ကွဲ။ ကိုယ်တိုင်လည်း ငွေရှိနေတာတောင် ဖြစ်နိုင်ရင် ရောင်းပြီး ပြောင်းချင်ပြီ ” လို့ မြောင်းမြမြို့က စပါး၊ ပဲ ကုန်သည်တဦးက ဆိုပါတယ်။

news-view-count-icon

14