AI ခေတ်တွင် ပညာရေးကဏ္ဍ၏အနာဂတ်ကို လေ့လာဆန်းစစ်ရန်၊ ဆရာ၊ ဆရာမများအတွက် ဆန်းသစ်တီထွင်သောသင်ကြားရေးနည်းလမ်းများမျှဝေနိုင်ရန်ရည်ရွယ်၍ GEIF 2026 (Global Education Innovation Forum) ကို ရန်ကုန်မြို့၌ မတ် ၃၀ ရက်က ပြုလုပ်ခဲ့သည်။ယင်း ဖိုရမ်မှတစ်ဆင့် ပညာရေးကဏ္ဍအတွက် AI ၊ သင်ကြားပြသမှုပညာနှင့် အနာဂတ်အတွက်လိုအပ်သော ကျွမ်းကျင်မှုများဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ဦးဆောင်သည့် အဆင့်မြင့်သက်မွေးဝမ်းကျောင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို ပံ့ပိုးပေးသွားမည်ဖြစ်ကာ နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှပညာရေးကျွမ်းကျင်သူများက စာသင်ခန်းအတွင်း နည်းပညာအသုံးချသင်ကြားပုံပြောင်းလဲမှုနှင့် အနာဂတ်လိုအပ်ချက်များကို ဆွေးနွေးသုံးသပ်မျှဝေခဲ့ကြသည်။
AI ခေတ်ပညာရေးကဏ္ဍအတွက် GEIF 2026 ဖိုရမ်ပြုလုပ်
Apr 01 • 8:03 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 8 | 0 | 0 | 0 |


