ပခုက္ကူမြို့ အမှတ် (၄) ရပ်ကွက်၊ ထင်းတန်းလမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွား

Apr 01 • 7:59 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပခုက္ကူမြို့ အမှတ် (၄) ရပ်ကွက်၊ ထင်းတန်းလမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ထင်းတန်းလမ်းတွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၊ နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည...

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ထင်းတန်းလမ်းတွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၊ နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါသတင်းရရှိသည်နှင့်တစ်ပြိုင်နက် ပခုက္ကူခရိုင်နှင့် မြို့နယ်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ် (၅) စီး၊ ရေသယ်ယာဉ် (၂) စီးနှင့် အထောက်အကူပြုယာဉ် (၁) စီးတို့ဖြင့် ချက်ချင်းထွက်ခွာ ငြှိမ်းသတ်ခဲ့သည်။ မီးသတ်တပ်ဖွဲ့ဝင်များ၏ အချိန်မီ ငြှိမ်းသတ်နိုင်မှုကြောင့် နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

13