ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်မှာ လမ်းလျှောက် သင်္ကြန်နဲ့ ယိမ်းအကပြိုင်ပွဲတွေ ကျင်းပသွားမှာ ဖြစ်တယ်လို့ ပြည်မြို့ မဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီ ကနေ သိရပါတယ်။ပြည်မြို့အလယ်ရှိ ဗိုလ်ချုပ်ကျောက်ရုပ်အနီး၊ လမ်းမတော်လမ်းနဲ့ ဗိုလ်ချုပ်လမ်းဆုံနေရာမှာ မဟသင်္ကြန် ဗဟို မဏ္ဍပ် တည်ဆောက်မှာဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ကို ဗဟိုမဏ္ဍပ်ကနေ ညဈေးတန်း(အဟောင်း)လမ်းအတိုင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ ယိမ်းအကပြိုင်ပွဲမှာလည်း မြို့ပေါ်ရပ်ကွက်ကြီးတွေဖြစ်တဲ့ နဝင်းရပ်ကွက်၊ ဆင်စု ရပ်ကွက်၊ ကျောင်းကြီးအိုးတန်း၊ ခေတ္တရာနဲ့ ရွာဘဲရပ်ကွက်တွေက ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဌာနဆိုင်ရာ ယိမ်းအဖွဲ့တွေလည်း ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ပြည်မြို့မှာကျင်းပမဲ့ မဟာသင်္ကြန်ရက်တွေမှာ ဗဟိုမဏ္ဍပ်ကို နေ့စဉ် မနက်ပိုင်းနဲ့ညနေပိုင်းအချိန်တွေမှာ တေးဂီတ ဖျော်ဖြေရေးအစီအစဉ်တွေ၊ ဌာနဆိုင်ရာနဲ့မြို့ပေါ် ရပ်ကွက်တွေက ပြိုင်ပွဲဝင်ယိမ်းအဖွဲ့တွေရဲ့ ကပြဖျော်ဖြေ ယှဉ်ပြိုင်မှုတွေ ပါဝင်မှာဖြစ်ပြီး စတုဒိသာ ဧည့်ခံကျွေးမွေးရေးအစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ ပြည်မြို့ မဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီကနေ သိရပါတယ်။
ပြည်မြို့၌ လမ်းလျှောက်သင်္ကြန်နှင့်ယိမ်းအကပြိုင်ပွဲ ကျင်းပမည်
Mar 31 • 8:24 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 7 | 0 | 0 | 0 |


