ယနေ့ မတ်လ၂၈ရက်နေ့ ည ၈:၁၅နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့၊ အထက်ပိုင်းရပ်ကွက်၊ အနော်ရထာလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှသိရပါတယ်။ အဆိုပါမီးလောင်ကျွမ်းမှုကို အိမ်မဲမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်လျှက်ရှိကြောင်းသိရပြီး ည၉:၁၅နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။



