မတ်လ ၂၇ ရက်မှ စတင်ကာ မော်လမြိုင်မြို့တွင်စက်သုံးဆီဆိုင်များတွင် ဆီဖြည့်ရာတွင် QR စနစ်ကို အသုံးပြုကာ တစ်ကြိမ်သာ ဆီထည့်ခွင့်ရမည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။စုံရက်၊ မရက်အလိုက် ဆိုင်ကယ်၊ကားများကို ဆီပေးနေသော်လည်း ယခုတွင် မိမိတို့ရက်အလိုက် ဆိုင်တစ်ဆိုင်တွင် တစ်ကြိမ်သာ ဆီဖြည့်နိုင်မည်ဖြစ်ကြောင်း သိရသည်။



