မကွေးတိုင်း၊မြိုင်မြို့နယ်၊ သပြေညိုရေနံမှော် မီးလောင်

Mar 27 • 2:34 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်း၊မြိုင်မြို့နယ်၊ သပြေညိုရေနံမှော် မီးလောင်

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာရှိတဲ့ သပြေညိုရေနံမှော်ထဲမှာ ယမန်နေ့ နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိပါတယ်။ပေါက်နယ်မြောက်ပိုင်းမှာရှိတ...

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာရှိတဲ့ သပြေညိုရေနံမှော်ထဲမှာ ယမန်နေ့ နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိပါတယ်။ပေါက်နယ်မြောက်ပိုင်းမှာရှိတဲ့ သပြေညိုရေနံမှော်ထဲမှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး လူထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။အဆိုပါ မီးလောင်မှုဖြစ်စဥ်ဟာ တောမီးကနေတဆင့် ကူးစက်လောင်ကျွမ်းတာလို့ ဆိုပါတယ်။သွားရောက်မီးသတ်ပေးခဲ့သူတယောက်က “ဘေးမှာ တောမီးလောင်နေတာ အရင်နေ့ ညကတည်းကဗျ။ အဲဒီကနေ မီးပွားတွေ လေလွင့်လာပြီးတော့ ရေနံတွင်းစက်မောင်းပြီး ထားခဲ့တဲ့ တဲတွေပေါ်ကျပြီး မီးလောင်ကူးစက်ကုန်တာ။ တခြားတွင်းတွေကူးမှာစိုးလို့တော့ တညနေလုံး မီးငြှိမ်းလိုက်ရတယ်။ အခု မီးလောင်တဲ့ဘက်က တွင်းဟောင်းတွေတော့ များတယ်။ ရေနံစိမ်း ကန်ဟောင်းတချို့လည်း မီးထဲပါသွားပေမဲ့ ဆုံးရှုံးမှုကတော့ အများကြီးမရှိပါဘူး” လို့ ပြောပါတယ်။ပူပြင်းတဲ့ရာသီကို ရောက်ရှိလာပြီဖြစ်လို့ မြိုင်မြို့နယ်ထဲက ရေနံတွင်းလုပ်သားတွေအပြင် ဒေသခံပြည်သူတွေအနေနဲ့ပါ မီးမပေါ့ဆကြဖို့ တိုက်တွန်းထားပါတယ်။

news-view-count-icon

8