ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုးများ အုပ်စုလိုက် လှုပ်ရှားသောင်းကျန်းနေပြီး ပြီးခဲ့သည့် မတ်လ ၂၂ ရက်က ပါလျှံ (၂) ရပ်ကွက်တွင် လူ ၃ ဦးပါဝင်သော သူခိုးအုပ်စုတစ်စုက ဝယ်ယူထားသည်မှာ တစ်လပင်မပြည့်သေးသည့် ဆိုင်ကယ်တစ်စီးကို သံကြိုးဖြတ်၍ ခိုးယူသွားခဲ့ကြောင်း သိရသည်။ CCTV မှတ်တမ်းများအရ အဆိုပါသူခိုးအုပ်စုသည် ရပ်ကွက်အတွင်း လူခြေတိတ်ချိန်နှင့် အခြေအနေကို စောင့်ကြည့်၍ စနစ်တကျခိုးယူလေ့ရှိပြီး အလားတူခိုးမှုမျိုး ရန်အောင်မြေရပ်ကွက်တွင်လည်း မတ်လပထမပတ်က ဆိုင်ကယ် ၂ စီး တစ်ပြိုင်တည်း ခိုးယူခံခဲ့ရဖူးသည်။ လက်ရှိတွင် ခိုးမှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများအကြား လုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်နေပြီး ကိုယ်ပိုင်ပစ္စည်းများကို ပိုမိုသတိထားထိန်းသိမ်းရန် လိုအပ်နေကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်၊ တာချီလိတ်တွင် ဆိုင်ကယ်သူခိုးများ အုပ်စုလိုက် သောင်းကျန်းနေ
Mar 25 • 4:12 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 18 | 0 | 0 | 0 |


