ရှမ်းပြည်တောင်ပိုင်း၊နောင်တရားတွင် ဓာတ်ဆီအများအပြား သိုလှောင်ထားသည့် ဂိုထောင် မီးလောင်

Mar 24 • 4:11 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်တောင်ပိုင်း၊နောင်တရားတွင် ဓာတ်ဆီအများအပြား သိုလှောင်ထားသည့် ဂိုထောင် မီးလောင်

ရှမ်းပြည်တောင်ပိုင်း၊ နောင်တရားမြို့တွင် ဓာတ်ဆီအများအပြား သိုလှောင်ထားသည့် ဂိုထောင်တစ်လုံးယမန်နေ့ မတ်၂၃ ရက်တွင် မီးလောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။မီးလောင်...


ရှမ်းပြည်တောင်ပိုင်း၊ နောင်တရားမြို့တွင် ဓာတ်ဆီအများအပြား သိုလှောင်ထားသည့် ဂိုထောင်တစ်လုံးယမန်နေ့ မတ်၂၃ ရက်တွင် မီးလောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။မီးလောင်မှုဖြစ်သည့်နေရာမှာ နောင်ပီးသွားလမ်းရှိ အောင်စံဖြိုးဆိုင် အနီးဖြစ်ပြီး ဂိုထောင်အတွင်း ဓာတ်ဆီများ အများအပြား သိုလှောင်ထားမှုကြောင့် မီးအား ပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။“ဆီသိုလှောင်ထားတဲ့နေရာ ဖြစ်တော့ မီးလောင်တာနဲ့ တပြိုင်နက် အနားတောင် မကပ်နိုင်ပါဘူး။ ဆီကုန်ခါနီးမှပဲ ရပ်ကွက်ကလူတွေ ဝိုင်းကူနိုင်တာပါ” ဟု မီးလောင်မှုကို တွေ့မြင်ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။မီးလောင်မှုအတွင်း မီးအားပြင်းထန်မှုကြောင့် အနီးကပ်ဝင်ရောက် ငြှိမ်းသတ်ရန် ခက်ခဲခဲ့ပြီး အချိန်အတော်ကြာမှသာ ဒေသခံများ ဝိုင်းဝန်းကူညီနိုင်ခဲ့ကြောင်း သိရသည်။ယင်းမီးလောင်မှုကြောင့် လူထိခိုက်မှု မရှိခဲ့ကြောင်းလည်း ဒေသခံများက ဆိုသည်။

news-view-count-icon

6