မကွေးတိုင်း၊ မင်းဘူး(စကု) မြို့နယ်ထဲက မန်းရွှေစက်တော်ဘုရားပွဲမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေကို တဲကျောင်းတချို့က ထုတ်ပြန်ထားပါတယ်။အရက်သေစာ ရောင်းချ၊ သောက်စား မူးယစ်တာ လုံးဝ မလုပ်ဖို့၊ ဆောင်းဘောက်တွေကို သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ဖွင့်ဖို့နဲ့ ကျယ်လောင်စွာဖွင့်တာ မလုပ်ဖို့၊ DJ တီးဝိုင်းတွေ ဖွင့်လှစ်တာနဲ့ တီးမှုတ်ကခုန်တာ လုံးဝမလုပ်ဖို့၊ သရုပ်ပျက်အဝတ်စားတွေမဝတ်ဖို့နဲ့ အမျိုးသမီးတွေ ချက်ပေါ်တဲ့အင်္ကျီတွေမဝတ်ဖို့ အပြင် ဘောင်းဘီကိုလည်း ဒူးဆစ်ဖုံးတဲ့ ဘောင်းဘီတွေဝတ်ဆင်ဖို့၊ ရေချိုးရမှာလည်း လုံခြုံအောင်ဝတ်ဆင်ပြီးချိုးကြဖို့၊ အတွင်းခံဘောင်းဘီအတိုနဲ့ ရေမချိုးဖို့ စည်းကမ်းချက်တွေကို ထုတ်ပြန်ထားတာလို့ ဆိုပါတယ်။ အခုလိုစည်းကမ်းချက်တွေထုတ်တာကြောင့် အပျော်တွေပျောက်စေလို့ ဘုရားဖူးမသွားတော့ဘူးလို့ ပြောဆိုနေကြတာလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရွှေစက်တော်ဘုရားပွဲကို ဘုရားဖူးလာကြသူတချို့ဟာ ဆောင်းဘောက်တွေ၊ DJတွေနဲ့ ဆူညံစွာ ကခုန်တာတွေအပြင် အများပြည်သူတွေအမြင်မတင့်တယ်တဲ့ အမူအရာတွေပါ လုပ်နေကြတာကြောင့် Day Club သဖွယ်ဖြစ်ခဲ့လို့ သက်ဆိုင်ရာတာဝန်ရှိလူကြီးတွေအနေနဲ့ အမြန်ဆုံးအရေးယူပေးကြဖို့ကိုလည်း လူမှုကွန်ယက်မှာ တွင်တွင်ကျယ်ကျယ်တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ 
မကွေးတိုင်းရှိ မန်းရွှေစက်တော်မှာ သရုပ်ပျက်အဝတ်စားတွေမဝတ်ဖို့နဲ့ DJ တီးဝိုင်းတွေ ဖွင့်လှစ်တာနဲ့ တီးမှုတ်ကခုန်တာ လုံးဝမလုပ်ဖို့ စည်းကမ်းချက်တွေထုတ်ပြန်ထားဟုဆို
Mar 24 • 2:31 AM
မြန်မာ
မကွေး
မျှဝေမည်
| 9 | 0 | 0 | 0 |


