ဖြူးချောင်းရေလှောင်တမံမှ နွေစပါးစိုက်ဧက ၁၈,၀၀၀ ခန့်အတွက် စိုက်ပျိုးရေ နေ့စဉ်ပို့လွှတ်ပေးနေ

Mar 23 • 7:50 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဖြူးချောင်းရေလှောင်တမံမှ နွေစပါးစိုက်ဧက ၁၈,၀၀၀ ခန့်အတွက် စိုက်ပျိုးရေ နေ့စဉ်ပို့လွှတ်ပေးနေ

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ ဖြူးချောင်းရေလှောင်တမံသည် ယခုနှစ်နွေစပါးစိုက်ပျိုးရာသီအတွက် စိုက်ဧက (၁၈,၀၀၀) ခန့်ကို ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ နေ့စဉ် စိုက်...

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ ဖြူးချောင်းရေလှောင်တမံသည် ယခုနှစ်နွေစပါးစိုက်ပျိုးရာသီအတွက် စိုက်ဧက (၁၈,၀၀၀) ခန့်ကို ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ နေ့စဉ် စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ရေလှောင်တမံသည် ရေအားလျှပ်စစ်ထုတ်လုပ်ပြီးစီးဆင်းလာသည့်ရေကို ရေလွှဲဆည်တွင်ထိန်းညှိ၍ စိုက်ပျိုးရေအဖြစ် ပြန်လည်အသုံးချနေခြင်းဖြစ်ပြီး လာမည့် ဇွန်လကုန်ပိုင်းအထိ ရေပေးဝေသွားရန် လျာထားသည်။လက်ရှိတွင် ဆည်ရေသောက်ဧရိယာ ဧက ၉၀,၀၀၀ အနက် အကောင်အထည်ဖော်ပြီးစီးသည့် ဧက ၁၉,၄၅၀ အတွင်းရှိ စိုက်ခင်းများကို ရေပေးဝေနေခြင်းဖြစ်ကာ ဖြူးနှင့် အုတ်တွင်းမြို့နယ်များရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လျှပ်စစ်ကဏ္ဍများအတွက် အကျိုးပြုနေသည်။ ဖြူးချောင်းရေလှောင်တမံစီမံကိန်း လုပ်ငန်းများအားလုံး ပြီးစီးပါက သတ်မှတ်ထားသည့် ဆည်ရေသောက်ဧရိယာတစ်ခုလုံးသို့ ရေအပြည့်အဝ ပို့လွှတ်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

14