တောင်ကြီးမြို့နှင့် ၅ မိုင်ခန့်အကွာ၊ တောင်ကြီး-ပင်ငိုသွားလမ်းရှိ တောင်ကြီး-ဟိုပုံး သွယ်တန်းထားသည့် ဗို့အား ၁၁၀၀၀ ရှိ လျှပ်စစ်ဓာတ်မီးတိုင်မှ မီးကြိုးတစ်ချောင်းသည် လေတိုက်ခတ်မှုကြောင့် မြေပြင်နှင့် ၃ ပေ အကွာအထိ လျှော့ကျနေချိန်တွင် ပင်ငိုကျေးရွာနေ ခွန်ကျော်ထူး မောင်းနှင်ပြီး ခွန်ဖြိုးအောင် လိုက်ပါစီးနင်း လာသည့် မော်တော်ဆိုင်ကယ်သည် လျှပ်စစ်ဓါတ်ကြိုးအား ဝင်ရောက်ချိတ်မိရာမှ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်၊အဆိုပါ မတော်တဆမှုကြောင့် ဆိုင်ကယ်ပေါ်ပါ အမျိုးသား ၂ ဦး၏ ဦးခေါင်း၊ မျက်နှာ၊ ရင်ဘတ်နှင့် ခြေထောက်များတွင် ဒဏ်ရာများဖြင့် ဓါတ်လိုက်ကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။



