ရွှေပြည်သာ စက်ရုံတွင် လစာတိုးတောင်းဆိုမှုကြောင့် အလုပ်သမားတစ်ဦး ရိုက်နှက်ခံရ

Mar 22 • 4:16 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရွှေပြည်သာ စက်ရုံတွင် လစာတိုးတောင်းဆိုမှုကြောင့် အလုပ်သမားတစ်ဦး ရိုက်နှက်ခံရ

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ Max Technology Industry နားကြပ်စက်ရုံတွင် လစာတိုးပေးရန် တောင်းဆိုနေသည့် အမျိုးသမီးအလုပ်သမားတစ်ဦးကို စက်ရုံပိ...

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ Max Technology Industry နားကြပ်စက်ရုံတွင် လစာတိုးပေးရန် တောင်းဆိုနေသည့် အမျိုးသမီးအလုပ်သမားတစ်ဦးကို စက်ရုံပိုင်ရှင်ဖြစ်သူ တရုတ်နိုင်ငံသားမှ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ကြောင်း အလုပ်သမားများက ပြောသည်။သတင်းများအရ လစာတိုးတောင်းဆိုမှုအတွင်း အလုပ်သမားတစ်ဦးက လိုင်းမီးခလုတ်ပိတ်ကာ အလုပ်ရပ်နားမှု ပြုလုပ်ခဲ့ရာမှ ပိုင်ရှင်ဘက်မှ ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး မန်နေဂျာဝင်ရောက်တားဆီးသဖြင့် ထိုဖြစ်ရပ်ကို ရပ်တန့်နိုင်ခဲ့သည်ဟု ဆိုသည်။အဆိုပါ စက်ရုံတွင် အလုပ်သမား ၁၃၀၀ ကျော် ပါဝင်ကာ မတ်လ ၂၀ ရက်မှစတင်၍ လုပ်အားခ၊ အချိန်ပိုကြေးနှင့် ရက်မှန်ကြေး တိုးမြှင့်ပေးရန် သပိတ်မှောက် တောင်းဆိုနေကြောင်း သိရသည်။



news-view-count-icon

11