လဲချားမြို့နယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်သည့် နိုင်ငံခြားသား ၅၀ ဦး ထပ်မံဖမ်းမိ

Mar 22 • 2:40 AM

breaking-news

မြန်မာ

ရှမ်း

cover

လဲချားမြို့နယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်သည့် နိုင်ငံခြားသား ၅၀ ဦး ထပ်မံဖမ်းမိ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ကောင်းစံကျေးရွာအနီးတွင် တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၄၉ ဦးနှင...

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ကောင်းစံကျေးရွာအနီးတွင် တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၄၉ ဦးနှင့် ဗီယက်နမ်နိုင်ငံသား ၁ ဦး၊ စုစုပေါင်း ၅၀ ဦးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် ညပိုင်းတွင် ထပ်မံဖမ်းဆီးရမိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မတ်လ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် အဆိုပါဂိုဏ်းဝင်များနှင့်အတူ အသုံးပြုသည့် အဆောက်အအုံနှင့် ဆက်စပ်ပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီးရမိသူများကို လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက်စေရန် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းကာ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရပါသည်။

news-view-count-icon

8