တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်) မှ လှော်ကားသဘာဝဥယျာဥ် သို့ Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲ ပြုလုပ်မည်

Mar 21 • 12:57 PM

breaking-news

မြန်မာ

ရန်ကုန်

cover

တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်) မှ လှော်ကားသဘာဝဥယျာဥ် သို့ Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲ ပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တောဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်) မှ လှော်ကားသဘာဝဥယျာဥ် သို့ M...

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တောဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့၏ ဦးဆောင်

လမ်းညွှန်မှုဖြင့် တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်) မှ လှော်ကားသဘာဝဥယျာဥ် သို့ Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်သည်။ပြိုင်ပွဲကို (မတ်လ ၂၉ )ရက်နေ့၌ ပြုလုပ်မည်ဖြစ်ကာ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မှ နံနက် (၆) နာရီတွင် တာထွက်မည် ဖြစ်ကာ ပန်းဝင်မည့်နေရာသည် လှော်ကားသဘာဝဥယျာဉ်သို့ (နံနက် ၈:၀၀) ပန်းဝင်ရန် ခန့်မှန်းထားသည်။ဆုများအနေဖြင့် ပထမဆု: ၇ သိန်းကျပ်၊ ဒုတိယဆု: ၅ သိန်းကျပ်၊ တတိယဆု: ၄ သိန်းကျပ်၊ စတုတ္ထဆု: ၃ သိန်းကျပ်၊ ပဉ္စမဆု: ၂ သိန်းကျပ်ဖြစ်သည်။ ထို့အပြင် အထူးဆုအနေဖြင့် အဆင့် (၆) မှ (၁၀) အတွင်းဝင်သူများအတွက် - ၁ သိန်းကျပ်စီ၊ အဆင့် (၁၁) မှ (၃၀) အတွင်းဝင်သူများအတွက် - ၃ သောင်းကျပ်စီပေးမည် ဖြစ်သည်။ထို့အတူ ပန်းဝင်တံဆိပ်အဖြစ်ပြိုင်ပွဲဝင် (၃၀၀) ဦးအထိ ပန်းတိုင်သို့ စနစ်တကျဝင်ရောက်သူတိုင်းကို "ပန်းဝင်ဆုတံဆိပ်" များ ဂုဏ်ပြုချီးမြှင့်သွားမည် ဖြစ်သည်။ ပြိုင်ပွဲဝင်လိုသူများသည် အသက် (၁၈) နှစ်အထက်သာ ဖြစ်ရမည် ဖြစ်ကာ MTB စက်ဘီး Tyre Size 1.95 ထက် မသေးရသလိူ ရှေ့ရှော့ဘားပါရှိ ရပါမည်ဖြစ်သည်။ 



news-view-count-icon

11