မိုဘိုင်းဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းများ တင်သွင်းရာတွင် သွင်းကုန်လိုင်စင်လျှောက်ရန်နှင့် အခွန်ဆောင်ရန် လိုအပ်ကြောင်း ကြေညာ

Mar 21 • 5:46 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မိုဘိုင်းဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းများ တင်သွင်းရာတွင် သွင်းကုန်လိုင်စင်လျှောက်ရန်နှင့် အခွန်ဆောင်ရန် လိုအပ်ကြောင်း ကြေညာ

၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ချက်အရ ပြည်ပမှ မိုဘိုင်းဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းများ တင်သွင်းရာတွင် တရားဝင်သွင်းကုန်လိုင်စင် ရယ...

၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ချက်အရ ပြည်ပမှ မိုဘိုင်းဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းများ တင်သွင်းရာတွင် တရားဝင်သွင်းကုန်လိုင်စင် ရယူပြီး အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ ပြည်သူများ စံချိန်စံညွှန်းကိုက်ညီသော ဖုန်းများကို စိတ်ချစွာအသုံးပြုနိုင်ရန်အတွက် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ကို မတ်လပထမပတ်မှစတင်ကာ အသုံးပြုနေပြီဖြစ်သည်။ ထို့ပြင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်၍ ခွင့်ပြုစာရင်းတွင် မပါဝင်သော ဖုန်းများသည် ကွန်ရက်ချိတ်ဆက်ချိန်မှစ၍ ရက်ပေါင်း ၃၀ သာ ယာယီအသုံးပြုခွင့်ရမည်ဖြစ်ပြီး၊ သတ်မှတ်ကာလအတွင်း အခွန်နှင့် ဒဏ်ကြေးများပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း CEIR စီမံကိန်းဦးစီးကော်မတီက အသိပေးထားပါသည်။

news-view-count-icon

16