မန္တလေးမြို့မှာ မတ်လ(၁၉)ရက် မနက်ပိုင်းက တစ်မနက်အတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့မီးသတ်ဦးစီးဌာနနှင့်နီးစပ်သူတွေဆီက သိရပါတယ်။ မီးလောင်မှုဖြစ်စဥ်များမှာ မတ်လ၁၉ရက် မနက် ၆ နာရီ၄၁မိနစ်က ပြည်ကြီးတံခွန်မြို့နယ်၊ (၇၂)A မြဝတီမင်းကြီးလမ်းထောင့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နောက်ထပ်ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကတော့ မတ်လ ၁၉ ရက် မနက်၁၀နာရီကျော်က ချမ်းမြသာစည်မြို့ နယ်၊ ၅၈ လမ်း၊၁၀၆လမ်းနှင့်၁၀၇လမ်းကြားမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။



