ယနေ့ မတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကွယ်လွန်သွားကြောင်း သိရပါတယ်။ လူရွှင်တော် နေကျော်ဟာ သွေးတိုးနှင့် ဆီးချိုရောဂါတွေကို ခံစားနေရင်းမှ ကျောက်ကပ်ရောဂါပါ ဆက်လက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။နောက်ဆုံးအခြေအနေအရ ကျောက်ကပ်ဆိုင်ရာရောဂါကူးစက်မှုဟာ ဦးနှောက်ထဲအထိ ရောက်ရှိသွားတာကြောင့် မိသားစုဝင်တွေကိုတောင် မှတ်မိနိုင်ခြင်း မရှိတော့တဲ့ အခြေအနေထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ယနေ့မှာတော့ လူရွှင်တော် နေကျော် ကွယ်လွန်သွားပြီဖြစ်ကြောင်း လူရွှင်တော် ကောင်းကျော်က အသိပေးထားပါသည်။



