တောင်ကြီး- ဟိုပုံးသွားလမ်းတစ်လျှောက် လမ်းနှင့်မလွတ်ကင်းသည့်အဆောက်ဦး ဖယ်ရှားခံရ

Mar 18 • 2:55 PM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီး- ဟိုပုံးသွားလမ်းတစ်လျှောက် လမ်းနှင့်မလွတ်ကင်းသည့်အဆောက်ဦး ဖယ်ရှားခံရ

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ် တောင်ကြီး ဟိုပုံးသွား ပြည်ထောင်စုလမ်းမကြီးကို လမ်းမြေချဲ့ခြင်းလုပ်ဆောင်နေကြောင်းသိရသည်။ထိုသို့ လမ်းမြေ တိုးချဲ့ခြင်း ...

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ် တောင်ကြီး ဟိုပုံးသွား ပြည်ထောင်စုလမ်းမကြီးကို လမ်းမြေချဲ့ခြင်းလုပ်ဆောင်နေကြောင်းသိရသည်။ထိုသို့ လမ်းမြေ တိုးချဲ့ခြင်း ဆောင်ရွက်နေသည်မှာ ဖေဖော်ဝါရီလတွင် စတင်ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း ၊ လမ်းမြေနှင့် မလွတ်ကင်းသော ဆိုင်ခန်း မျက်နှာစာ များကို ဘက်ဟိုးများအသုံးပြု၍ ဖြိုဖျက်ထားသည်ကို မြင်တွေ့ခဲ့ရသည်။တောင်ကြီး - ဟိုပုံး သွားလမ်းရှိ ၁၂ မိုင်အကွာအဝေး ရှိသော လမ်းပိုင်းကို တိုးချဲ့ပြင်ဆင်ဆောင်ရွက်နေခြင်း ဖြစ်ပြီး ၊ တောင်ကြီး - လွိုင်လင် - နမ့်စန် လမ်းပိုင်း တစ်လျှောက်ကို လမ်းပြုပြင်ခြင်း လုပ်ငန်းများ အားခြင်း ဆောင်ရွက်နေသည်ကိုလည်း မြင်တွေ့ရသည်။ထို လမ်းပိုင်းတစ်လျှောက်တွင် ကတ္တရာ လမ်းအစား ၊ ကွန်ကရစ် လမ်းခင်းခြင်း ဆောင်ရွက်နေသည်ကို တွေ့ရသည်။




news-view-count-icon

7