ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်းပတ်လည်မှ ဆိုင်ခန်းနှင့် လူနေတိုက်ခန်းပေါင်း ၁၅၀ ကျော်ကို မတ်လ ၂၀ ရက်၌ အပြီးဖယ်ရှားရန် စစ်ကောင်စီက ညွှန်ကြားထားခြင်းကြောင့် ဒေသခံများမှာ အလျင်အမြန် ပြောင်းရွှေ့နေကြရပြီး လူနေမှုဘဝနှင့် စီးပွားရေးတွင် အကျပ်အတည်းကြီးစွာ ကြုံတွေ့နေရသည်။ အိမ်ပိုင်ဘဝမှ အိမ်ငှားဘဝသို့ ချက်ချင်းပြောင်းလဲသွားရသည့် အခန်းပိုင်ရှင်များမှာ ကုန်ဈေးနှုန်းနှင့် အိမ်ငှားခကြီးမြင့်မှုဒဏ်ကို စိုးရိမ်နေကြပြီး၊ အာဏာပိုင်များက အေးသာယာနှင့် ညိုမီးဘက်ရှိ နေရာသစ်များသို့ ရွှေ့ပြောင်းရန် သတ်မှတ်ပေးထားသော်လည်း အဆိုပါနေရာများမှာ လက်ရှိအချိန်အထိ အဆင်သင့်မဖြစ်သေးသဖြင့် လုပ်ငန်းရှင်များမှာ ဝင်ငွေပြတ်တောက်မည့်အရေးနှင့် ရင်ဆိုင်နေရသည်။ ၎င်းနေရာတွင် နိုင်ငံတကာအဆင့်မီ အားကစားအဆောက်အဦများ တည်ဆောက်မည်ဟု ဆိုသော်လည်း အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိဘဲ သတ်မှတ်ရက်အတွင်း မဖယ်ရှားပါက ဥပဒေအရ အတင်းအဓမ္မဖယ်ရှားမည်ဟု သတိပေးထားကြောင်း သိရသည်။
တောင်ကြီးအားကစားကွင်းပတ်လည်ရှိ ဆိုင်ခန်းနှင့် နေအိမ်များ ဖယ်ရှားခံရမှုကြောင့် မိသားစု ၁၅၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ ထိခိုက်နေ
Mar 18 • 8:19 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 5 | 0 | 0 | 0 |


