မင်္ဂလာဒုံရှိ အရန်မီးသတ်စခန်းတွင် အကျင့်စာရိတ္တပြုပြင်ရန် အပ်နှံထားသည့် ကလေးငယ် ဖုန်းနှစ်လုံးခိုးယူ၍ ထွက်ပြေး

Mar 18 • 8:18 AM

breaking-news

မြန်မာ

ရန်ကုန်

cover

မင်္ဂလာဒုံရှိ အရန်မီးသတ်စခန်းတွင် အကျင့်စာရိတ္တပြုပြင်ရန် အပ်နှံထားသည့် ကလေးငယ် ဖုန်းနှစ်လုံးခိုးယူ၍ ထွက်ပြေး

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲအရန်မီးသတ်တပ်ဖွဲ့စခန်းတွင် အကျင့်စာရိတ္တပြုပြင်ပေးရန် မိခင်ဖြစ်သူကိုယ်တိုင် လာရောက်အပ်နှံထားသည့် ကလေးငယ်တစ်ဦးသည် စ...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲအရန်မီးသတ်တပ်ဖွဲ့စခန်းတွင် အကျင့်စာရိတ္တပြုပြင်ပေးရန် မိခင်ဖြစ်သူကိုယ်တိုင် လာရောက်အပ်နှံထားသည့် ကလေးငယ်တစ်ဦးသည် စခန်းသို့ရောက်ရှိပြီး ၆ ရက်မြောက်နေ့ဖြစ်သော မတ် ၁၆ ရက်တွင် စခန်းရှိ လက်ကိုင်ဖုန်းနှစ်လုံးကို ခိုးယူ၍ ထွက်ပြေးသွားသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်သန်းသည် ဖခင်မရှိတော့ဘဲ မသန်စွမ်းသားကြီးနှင့် ခိုးမှုကျူးလွန်နေသည့် သားငယ် မောင်မျိုးမင်းသန့်တို့ကို ရုန်းကန်ကျွေးမွေးနေရသူဖြစ်ပြီး သားငယ်အား လမ်းမှန်ရောက်စေရန် ပုလဲအရန်မီးသတ်စခန်းသို့ အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း၊ စခန်းခေါင်းဆောင် ဦးထင်လင်းအောင်ကလည်း မိခင်၏အခက်အခဲကိုစာနာ၍ လက်ခံပေးခဲ့သော်လည်း ယခုကဲ့သို့ အကျင့်ဟောင်းအတိုင်း ကျူးလွန်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။ လူမှုရေးကျွမ်းကျင်သူများက ယခုဖြစ်စဉ်သည် ဆင်းရဲနွမ်းပါးမှုနှင့် မိသားစုပြိုကွဲမှုများကြောင့် ကလေးငယ်များ လမ်းမှားရောက်ကာ အကျင့်စာရိတ္တပျက်ပြားလာမှုကို မီးမောင်းထိုးပြနေသည်ဟု သုံးသပ်ကြပြီး၊ စခန်းခေါင်းဆောင်က အဆိုပါကလေးငယ်အား တွေ့ရှိပါက အကြောင်းကြားပေးရန် မေတ္တာရပ်ခံထားသည်။
news-view-count-icon

11