အီရန်စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရပြီးနောက် ဖြစ်ပေါ်လာသည့် လောင်စာဆီပြတ်လပ်မှုအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရန် သီရိလင်္ကာအစိုးရသည် မတ်လ ၁၈ ရက်မှစတင်ကာ အစိုးရဌာနများ၊ ကျောင်းများနှင့် တက္ကသိုလ်များကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးပိတ်ရက်အဖြစ် ကြေညာလိုက်ပြီး တစ်ပတ်လျှင် လေးရက်သာ အလုပ်လုပ်ရမည့်စနစ်ကို ကျင့်သုံးလိုက်သည်။ သမ္မတ အနူရာ ကုမာရ ဒီသာနေယက ဦးဆောင်သော အစိုးရသည် အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဆေးရုံနှင့် လူဝင်မှုကြီးကြပ်ရေးကဲ့သို့ မရှိမဖြစ်ဌာနများမှအပ ကျန်ကဏ္ဍများကို ပိတ်ထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ တစ်ဦးလျှင် ဆီ ၁၅ လီတာနှုန်းသာ ခွဲတမ်းဖြင့် ရောင်းချပေးသည့်စနစ်ကိုလည်း ပြန်လည်ကျင့်သုံးနေရသည်။ အလားတူပင် အာရှဒေသတွင်းရှိ အခြားနိုင်ငံများဖြစ်သော ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင်လည်း ယာဉ်မောင်းနှင်မှု ကန့်သတ်ခြင်း၊ အိမ်မှနေ၍ အလုပ်လုပ်ခြင်း (WFH)၊ မီးအလှည့်ကျဖြတ်ခြင်းနှင့် ဝတ်စားဆင်ယင်မှုပြောင်းလဲခြင်းစသည့် နည်းလမ်းမျိုးစုံဖြင့် စွမ်းအင်ချွေတာရေးကို အပြိုင်အဆိုင် လုပ်ဆောင်နေကြကြောင်း သိရသည်။
ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးပိတ်ရက်အဖြစ် သီရိလင်္ကာနိုင်ငံကြေညာ
Mar 18 • 8:06 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 27 | 0 | 0 | 0 |


