မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်က လက်ဝဲစုကျေးရွာမှာ အလှူလှည့်နေတဲ့ ဆင်တော် ဓာတ်ကြိုးနဲ့ထိပြီး ဆင်သေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။မနေ့က မတ်လ ၁၄ ရက် မနက်ပိုင်းက ကျောက်ဆည်မြို့နယ်၊ လက်ဝဲစုကျေးရွာက အလှူတစ်ခုမှာ အလှူလှည့်နေတဲ့ ဆင်တွေထဲက ရွှေဇဗ္ဇူအောင်ဆင်တော်အဖွဲ့ရဲ့ ဆင်ဟာ ဓာတ်ကြိုးနဲ့ထိမိပြီး ဓာတ်လိုက်ကာ ရေထဲကျပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။ဆင်ပေါ်ပါ ဆင်ဦးစီးနဲ့ အလှူ့အမ၊ အလှူ့အမသမီးတို့ သတိလစ်မေ့မျောသွားခဲ့ပြီး ဆင်ဦးစီးသတိရပြီဖြစ်ကြောင်း၊ အလှူ့အမသားအမိအခြေအနေကိုမူ မသိရသေးကြောင်း ဒေသခံတွေက ပြောပါတယ်။"ဆင်နာမည်က ဖားလယ်နချဲပါ။ ဝယ်ထားတာ တစ်လကျော် ၂ လပဲ ရှိသေးတယ်လို့ သိရတယ်။"လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ကျောက်ဆည်ဒေသခံများနဲ့ လူမှုကွန်ရက်အသုံးပြုသူများအကြား ယခုဖြစ်စဉ်အပေါ် စိတ်မကောင်းဖြစ်လျက်ရှိပါတယ်။
မန္တလေးတိုင်း၊ကျောက်ဆည်အလှူမှာ ဆင်ဓာတ်လိုက်သေဆုံး
Mar 15 • 2:49 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 16 | 0 | 0 | 0 |


