မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့တွင် မီးလောင်မှုဖြစ်ပွားရာ နှစ်ထပ်နေအိမ် ၃ လုံးအပြင် ဆိုင်ကယ် ၅ စီးနှင့် အခြားတန်ဖိုးကြီးပစ္စည်းများ မီးအတွင်းပါသွားကြောင်း ခေါဇာဒေသခံများ၏ ပြောပြချက်အရ သိရသည်။ယမန်နေ့ ည ၇ နာရီကျော်မှစ၍ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်းပြီး ဒေသခံများက ဝိုင်းဝန်းမီးငြှိမ်းသတ်ရာမှ ည ၉နာရီ ကျော်တွင် မီးထိန်းနိုင်ခဲ့ကြောင်း မည်သည့်အကြောင်းကြောင့် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ကို အတိအကျမသိရကြောင်း ဒေသခံတစ်ဦးကဆိုသည်။မီးလောင်မှုကြောင့် နေအိမ်အတွင်းရှိ ဆိုင်ကယ် ၅ စီး၊ ရွှေတုံးရွှေခဲများ မီးအတွင်းပါသွားခဲ့သည်ဟု ခေါဇာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။အဆိုပါ မီးလောင်မှုကို ဒေသခံများ၏ အင်အားဖြင့်သာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး မီးသတ်ယာဉ်အကူအညီများ မရရှိခဲ့ကြောင်းလည်း သိရသည်။
မွန်ပြည်နယ်၊ခေါဇာမြို့တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၃ လုံးအပြင် ဆိုင်ကယ် ၅ စီးနှင့်တန်ဖိုးကြီးပစ္စည်းများစွာ ပျက်စီးဆုံးရှုံး
Mar 15 • 1:24 AM
မြန်မာ
မွန်
မျှဝေမည်
| 6 | 0 | 0 | 0 |


