၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက် ည ၇ နာရီခွဲကျော်အချိန်တွင် မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ နံ့သာရပ်ရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုသတင်းအရ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်သမားများနှင့် လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ ည ၇ နာရီ ၄၃ မိနစ်တွင် Level 1 အဆင့် သတ်မှတ်ငြှိမ်းသတ်ခဲ့ရသည်။ မီးလောင်မှုကို ဆက်လက်ထိန်းချုပ်ခဲ့ရာ ည ၈ နာရီအချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ပြီး၊ လက်ရှိတွင် မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့က စစ်ဆေးတွက်ချက်လျက်ရှိကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်ရှိ နေအိမ်တစ်လုံးတွင် Level 1 အဆင့်မီးလောင်
Mar 10 • 4:57 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 11 | 0 | 0 | 0 |


