သဘင်အနုပညာရှင်များ မော်တော်ယာဉ်ဖြတ်သန်းသွားလာခွင့် ထောက်ခံချက်ယူရမည်

Mar 09 • 1:36 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

သဘင်အနုပညာရှင်များ မော်တော်ယာဉ်ဖြတ်သန်းသွားလာခွင့် ထောက်ခံချက်ယူရမည်

မြန်မာနိုင်ငံသဘင်အစည်းအရုံးရဲ့ကွပ်ကဲမှုမှာရှိကြတဲ့ သဘင်တည်ထောင်သူအဖွဲ့တွေ၊ သဘင်အနုပညာရှင်တွေ အနေနဲ့ မဖြစ်မနေသွားရောက်ဖျော်ဖြေရမဲ့ ခရီးစဉ်တွေအတွက် မော်တော်ယာဉ်ဖြ...

မြန်မာနိုင်ငံသဘင်အစည်းအရုံးရဲ့ကွပ်ကဲမှုမှာရှိကြတဲ့ သဘင်တည်ထောင်သူအဖွဲ့တွေ၊ သဘင်အနုပညာရှင်တွေ အနေနဲ့ မဖြစ်မနေသွားရောက်ဖျော်ဖြေရမဲ့ ခရီးစဉ်တွေအတွက် မော်တော်ယာဉ်ဖြတ်သန်းသွားလာခွင့် ထောက်ခံ ချက်ရယူရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံးက မတ်လ(၉)ရက်ညနေပိုင်းမှာထုတ်ပြန်ပါတယ်။မော်တော်ယာဉ်ဖြတ်သန်းသွားလာခွင့်လျှောက်ထားရမှာ တည်ထောင်ခွင့်မိတ္တူ၊ လူဦးရေစာရင်းမိတ္တူ၊ အသုံးပြုမဲ့ မော်တော်ယာဉ်အမှတ်၊ သွားရောက်မဲ့မြို့၊ ထွက်ခွာမဲ့ရက်နဲ့ ပြန်လာမဲ့ရက်၊ ပြန်လာမဲ့ခရီးစဉ်လမ်းကြောင်း အစရှိ တဲ့အချက်တွေကို ပြည့်စုံစွာတင်ပြပြီး မြန်မာနိုင်ငံသဘင်အစည်းအရုံးမှာ ထောက်ခံချက်ရယူနိုင်တယ်လို့ဆို ပါတယ်။လျှောက်ထားလာတာတွေကိုလည်း မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က စနစ်တကျစိစစ်ကာ ညှိနှိုင်း တင်ပြပြီး ကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။



news-view-count-icon

46