တောင်ကြီးမြို့တွင် တန်ဖိုးကြီးဆိုင်ကယ်များ ဆက်တိုက်ပျောက်ဆုံးမှုဖြစ်ပွား

Mar 09 • 12:08 PM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးမြို့တွင် တန်ဖိုးကြီးဆိုင်ကယ်များ ဆက်တိုက်ပျောက်ဆုံးမှုဖြစ်ပွား

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့တွင် မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး အထူးသဖြင့် မော်ဒယ်မြင့် တန်ဖိုးကြီး ဆိုင်ကယ်များနှင့် ထိ...

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့တွင် မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး အထူးသဖြင့် မော်ဒယ်မြင့် တန်ဖိုးကြီး ဆိုင်ကယ်များနှင့် ထိုင်းဘီး ဆိုင်ကယ်များကို ပစ်မှတ်ထား ခိုးယူမှုများ ဖြစ်ပွားနေသည်။ထိုတိုက်အတွင်း ယခင်ကတည်းက ဆိုင်ကယ် (၆) စီးခန့် ပျောက်ဆုံးခဲ့ကြောင်း ထို့အပြင် မတ်လ (၆) ရက်နေ့ကလည်း အနောက်မြို့ပတ်လမ်း နိဗ္ဗာန်လမ်းဆုံ မီးပွိုင့်အောက်တွင် ရပ်ထားသည့် ဆိုင်ကယ်တစ်စီး ပျောက်ဆုံးခဲ့ ကြောင်းသိရသည်။တောင်ကြီးမြို့တွင် မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ပျောက်ဆုံးသွားသည့် ဆိုင်ကယ်များ ပြန်လည်ရရှိခြင်းအလွန်နည်းပါးကြောင်း ဒေသခံများက ပြောသည်။


news-view-count-icon

18