မန္တလေးတိုင်း၊သပိတ်ကျင်းမြို့တွင် အခြေခံပညာအထက်တန်းကျောင်း(ဝါးဖြူတောင်) ပြန်လည်ဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

Mar 08 • 3:09 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့တွင် အခြေခံပညာအထက်တန်းကျောင်း(ဝါးဖြူတောင်) ပြန်လည်ဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အခြေခံပညာအထက်တန်း ကျောင်း(ဝါးဖြူတောင်)တွင် ယမန်နေ့နံနက် ၈ နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြ ...

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အခြေခံပညာအထက်တန်း ကျောင်း(ဝါးဖြူတောင်)တွင် ယမန်နေ့နံနက် ၈ နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြ သည်။အခြေခံပညာအထက်တန်းကျောင်း(ဝါးဖြူတောင်)မှ ကျောင်းအုပ် ဆရာမကြီး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား မိဘများ၊ ဒေသခံပြည်သူများနှင့်အတူ စုစုပေါင်း အင်အား (၁၀၀)ခန့် ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြပြီး ၂၀၂၆-၂၀၂၇ပညာသင်နှစ်တွင် ကျောင်း ပြန်လည် ဖွင့်လှစ်သင်ကြား နိုင်ရန်အတွက် အဆင်သင့်ဆောင်ရွက်ပြီးဖြစ်ကြောင်း ကျောင်းအုပ် ဆရာမကြီးထံမှ သိရသည်။

news-view-count-icon

19