စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ချင်းတွင်းမြစ်ထဲ မတ် ၄ ရက် ညနေလောက်က ရေဆင်းကူးတဲ့ ကျောင်းသားကျောင်းသူ ၄ ယောက် ရေနစ်ေ-သဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ရေနစ်ေ-သဆုံးသွားတဲ့ ကလေးတွေဟာ နောင်ဖွတ်မော်ရပ်ကွက်မှာ နေထိုင်ကြပြီး ပထမတန်းကျောင်းသားတယောက်၊ ပဉ္စမတန်းကျောင်းသားတယောက်၊ ဆဌမတန်းကျောင်းသူ တယောက်နဲ့ ဒသမတန်းကျောင်းသူတယောက်တို့ ဖြစ်တယ်လို့ သိရပါတယ်။ချင်းတွင်းမြစ်ထဲက ရေစီးအားပြင်းထန်တဲ့ နေရာတခုမှာ ကလေးတွေ ရေနစ်ခဲ့တာဖြစ်ပြီး မိုးရာသီ မဟုတ်ပေမဲ့ ရေစီးပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။



