ပဲခူးတိုင်း ကဝမြို့နယ်တွင်နဂါးရုံဘုရားပေါ်တက်ကာ နဂါးပူး ကခဲ့သူများ ခံဝန်ထိုးရ

Mar 07 • 6:42 AM

breaking-news

မြန်မာ

ပဲခူး

breaking-news
cover

ပဲခူးတိုင်း ကဝမြို့နယ်တွင်နဂါးရုံဘုရားပေါ်တက်ကာ နဂါးပူး ကခဲ့သူများ ခံဝန်ထိုးရ

ပဲခူးတိုင်း ကဝမြို့နယ်တွင် နဂါးရုံဗုဒ္ဓရုပ်ပွားတော်ပေါ်သို့ နဂါးပူးသည်ဟုဆိုကာ တက်ကခဲ့သည့်အမျိုးသမီး သုံးဦးနှင့် ခွင့်ပြုသူ၊သက်ဆိုင်သူများကို မြို့နယ် သံဃနာယကအဖွ...

ပဲခူးတိုင်း ကဝမြို့နယ်တွင် နဂါးရုံဗုဒ္ဓရုပ်ပွားတော်ပေါ်သို့ နဂါးပူးသည်ဟုဆိုကာ တက်ကခဲ့သည့်အမျိုးသမီး သုံးဦးနှင့် ခွင့်ပြုသူ၊သက်ဆိုင်သူများကို မြို့နယ် သံဃနာယကအဖွဲ့က ဩဝါဒပေးကာ ခံဝန်လက်မှတ်‌ရေး ထိုးစေခဲ့ကြောင်း သာသနာရေးအသိုင်းအဝိုင်းထံမှ သိရသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ တဲစုကျေးရွာ တဲစုကျောင်းဆရာတော် ဦးပဏ္ဍိတ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းအေး၊ ဘုရားပေါ်တက် နဂါးပူးခဲ့သည့် အမျိုးသမီးသုံးဦးတို့ကို ခေါ်ယူဆုံးမဩဝါဒပေးကာ ဤကဲ့သို့ အပြုအမူထပ်မံမပြုလုပ်ရန် ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေခဲ့ကြောင်း ကဝမြို့နယ် သံဃနာယကအဖွဲ့က ပဲခူးတိုင်းသံဃနာယကအဖွဲ့ထံ ပေးပို့သည့် အစီရင်ခံလျှောက်ထားစာအရသိရသည်။

ကဝမြို့နယ် ကသစ်ပင်ကျေးရွာအုပ်စု တဲစုကျေးရွာတွင် အမျိုးသမီးသုံးဦးက နဂါပူးသည်ဆိုကာ နဂါးရုံ ဘုရားပေါ် တက်ကခဲ့သည့် ရုပ်သံဖိုင်တစ်ခု ပြီးခဲ့သည့် ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုများလည်းရှိခဲ့သည်။ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နဂါးရုံပေါ်တက်ခဲ့သည့် အမျိုးသမီးသုံးဦး၊ခွင့်ပြုချက်ပေးသည်ဆိုသော တဲစု ကျေးရွာတဲစုကျောင်း ဆရာတော်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့အပါအဝင် သက်ဆိုင်သူများကို ခေါ်ယူဩဝါဒပေးရန် ပဲခူးတိုင်းသာသနာရေးမှူးရုံးမှ တိုင်းသံဃနာယကအဖွဲ့ထံလျှောက်ထားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တိုင်းသံဃနာယကအဖွဲ့က မြို့နယ် သံဃနာယကအဖွဲ့ထံ ဆက်လက်ညွှန်ကြားကာ ခံဝန် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

20