ဝေါမြို့နယ်တွင် ရှင်လောင်းလှည့်သည့် ဆောင်းဘောက်ကား ဓာတ်ကြိုးနှင့်ငြိကာ ဓာတ်လိုက်မှုဖြစ်ပွား

Mar 07 • 3:14 AM

breaking-news

မြန်မာ

ပဲခူး

cover

ဝေါမြို့နယ်တွင် ရှင်လောင်းလှည့်သည့် ဆောင်းဘောက်ကား ဓာတ်ကြိုးနှင့်ငြိကာ ဓာတ်လိုက်မှုဖြစ်ပွား

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကမ်းကြီးဆိပ်ကျေးရွာတွင်  ရှင်လောင်းလှည့်လည်နေသည့် ဆောင်းဘောက်ကားတစ်စီးသည် လမ်းရှိ 33-KV လျှပ်စစ်ဓာတ်အားကြိုးနှင့် ငြိမိရာမှ ဓာတ်လိုက်မ...

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကမ်းကြီးဆိပ်ကျေးရွာတွင်  ရှင်လောင်းလှည့်လည်နေသည့် ဆောင်းဘောက်ကားတစ်စီးသည် လမ်းရှိ 33-KV လျှပ်စစ်ဓာတ်အားကြိုးနှင့် ငြိမိရာမှ ဓာတ်လိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်တွင် ကားပေါ်ပါလာသူတစ်ဦးက ဓာတ်ကြိုးအား လက်ဖြင့်ကိုင်မိရာမှတစ်ဆင့် ဓာတ်လိုက်ခဲ့ခြင်းဖြစ်ပြီး ကမ်းကြီးဆိပ်ရွာမှ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးနှင့် စွပ္ပနူးရွာမှ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးတို့ သေဆုံးခဲ့ရသည်။ ထို့ပြင် အခြားလူငယ်နှင့် ကလေးငယ် ၄ ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားရကြောင်း သိရသည်။

news-view-count-icon

6