ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၁/အနော်မာ)ရပ်ကွက်ရှိ အမှတ် (၁ )စျေးတွင် မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက်လုပ်ဆောင်

Mar 06 • 7:50 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၁/အနော်မာ)ရပ်ကွက်ရှိ အမှတ် (၁ )စျေးတွင် မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက်လုပ်ဆောင်

၆.၃.၂၀၂၆ ရက်နေ့၊ ၁၀နာရီအချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၁/အနော်မာ)ရပ်ကွက်ရှိ အမှတ် (၁ )စျေးတွင် မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် သာကေတမြ...


၆.၃.၂၀၂၆ ရက်နေ့၊ ၁၀နာရီအချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၁/အနော်မာ)ရပ်ကွက်ရှိ အမှတ် (၁ )စျေးတွင် မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် သာကေတမြို့နယ်မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စျေးအတွင်းနှင့်အပြင်ရှိ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများစစ်ဆေးခြင်း၊ စျေးဆိုင်ခန်းများတွင် သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများစစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေးပစ္စည်းများအား စစ်ဆေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် 191 Report Mobile Application အား ပြည်သူများ၏ လက်ကိုင်ဖုန်းများတွင် ထည့်သွင်းပေးပြီး အသုံးပြုနည်းများ ရှင်းပြပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။


news-view-count-icon

20