ရှမ်းပြည်နယ် တောင်ကြီးမြို့မှာကျင်းပနေတဲ့ ၂၀၂၆ ကမ္ဘောဇဖလားအလွတ်တန်းဘောလုံးပြိုင်ပွဲမှာတော့ လက်ရှိ MNL ရဲ့ အင်အားအကြီးဆုံး ရှမ်းယူနိုက်တက်အသင်းကတော့ Shan Star FC အမည်နဲ့ ပါဝင်ယှဥ်ပြိုင်သွားမယ်လို့သိရပါတယ်။ Shan Star အသင်းကတော့ လက်ရှိ Shan United အသင်းရဲ့ အဓိကအမာခံကစားသမားအများစုနဲ့ပဲ ဖွဲ့စည်းထားတဲ့ အသင်းဖြစ်ပါတယ်။ Shan United အသင်းကတော့ ပြီးခဲ့တဲ့ ၂၀၂၅ ကမ္ဘောဇဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲမှာလည်း Shan State (A) အသင်းအမည်နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး အဆိုပါ ပြိုင်ပွဲမှာတော့ ဆီမီးဖိုင်နယ် အဆင့်မှာ Glory FC အသင်းကို ၁ ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲက ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။
ဒီတစ်ကြိမ် Shan Star အသင်းမှာတော့ မနှစ်ကထက် Shan United အသင်းရဲ့ အဓိက ကစားသမားတွေ ပိုမိုပါဝင်လာခဲ့ပြီး သူတို့ရဲ့ လက်ရှိရှိနေတဲ့ ပြည်ပကစားသမားတွေပါ Shan State အသင်းရဲ့ လူစာရင်းထဲပါဝင်လာနိုင်ခြေများနေပါတယ်။ Shan Star အသင်းရဲ့ ပွဲစဥ်ကတော့ ဒီနေ့ မတ်လ ၆ ရက်နေ့မှာ ရှုံးထွက်အဆင့်ကနေ စတင်ကစားမှာဖြစ်ပြီး ညနေ ၃ နာရီအချိန်မှာတော့ Enjoy Brother အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။ Enjoy Brother အသင်းကလည်း အသင်းကောင်းတစ်သင်းဖြစ်ပြီး လက်ရှိ MNL 2 Promotion Amateur Club Tournament 2026 ပြိုင်ပွဲမှာ ၃ ပွဲကစား ၃ ပွဲ အနိုင်ရရှိထားခဲ့တဲ့ Enjoy Brother အသင်းရဲ့ နောက်ထပ်အသင်းတစ်ခုအနေနဲ့ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်တာဖြစ်ပါတယ်။



