ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၆၅ အနီးရှိ ဆွာချောင်းတံတားကျိုးသွားသည်ဆိုသည့် လူမှုကွန်ရက်ပေါ်မှ သတင်းများမှာ သတင်းမှားသာဖြစ်ပြီး လက်ရှိတွင် ယာဉ်ကြီးယာဉ်ငယ်များအားလုံး လုံခြုံစိတ်ချစွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ အသိပေးလိုက်သည်။ မတ်လ ၄ ရက် နေ့လယ်ပိုင်းက တံတား၏ ကြံ့ခိုင်မှုအားနည်းသော ကြမ်းခင်းပြားများနှင့် ယက်မအား မိနစ်အနည်းငယ်ကြာ လဲလှယ်တပ်ဆင်ခဲ့စဉ်အတွင်း ယာဉ်ကြီးများကို ခေတ္တခဏ ဖြတ်သန်းခွင့်ပိတ်ခဲ့ခြင်းဖြစ်ပြီး၊ ပြုပြင်မှုပြီးစီးပြီးနောက် ယာဉ်အားလုံးကို ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
အမြန်လမ်းရှိ ဆွာချောင်းတံတားကျိုးသည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်
Mar 06 • 4:47 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 8 | 0 | 0 | 0 |


