မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရဲ့နှစ် (၈၀)ပြည့်ပွဲတော်ကိုကျင်းပမည်

Mar 06 • 4:11 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရဲ့နှစ် (၈၀)ပြည့်ပွဲတော်ကိုကျင်းပမည်

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နှစ် (၈၀) ပြည့်ပွဲတော်ကို မတ်လ(၇)ရက်နဲ့(၈)ရက်တို့မှာ ရန်ကုန်မြို့၊အမျိုးသားကဇာတ်ရုံကြီးမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ပွဲတော်ကာလ မတ...

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နှစ် (၈၀) ပြည့်ပွဲတော်ကို မတ်လ(၇)ရက်နဲ့(၈)ရက်တို့မှာ ရန်ကုန်မြို့၊အမျိုးသားကဇာတ်ရုံကြီးမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ပွဲတော်ကာလ မတ်လ(၇)ရက်မှာ'နှင်းဆီပွင့်မယ့်နေ့'အငြိမ့်၊ အောင်ဇမ္ဗူရဲ့တင်ဆက်မှုနဲ့ မတ်လ(၈)ရက်မှာ 'ရွှေမြှား' အငြိမ့်တို့ကို တင်ဆက်သွားမှာဖြစ်ပါတယ်။ဒီ့အပြင်မတ်လ ၇ ရက်နေ့ညမှာလက်တွဲဖော် ဗီဒီယိုရုပ်ရှင်ကိုချစ်ခင်စွာ ဂုဏ်ပြုတဲ့အနေနဲ့ "ဗီဒီယိုခရီးသည်"ပြဇာတ်တင်ဆက်ပေးပါမှာဖြစ်လို့ တစ်ချိန်က ဗီဒီယိုလောကနဲ့ ပတ်သက်ခဲ့ဖူးသူများ အလွမ်းပြေလာရောက်တွေ့ဆုံကြဖို့ ဒါရိုက်တာကြည်စိုးထွန်းက ဖိတ်ခေါ်ထားပါတယ်။

news-view-count-icon

30