ဟိုပင်မြို့၌ ကလေးငယ်(၃)ဦးအပါအဝင် (၆)လောင်းပြိုင်လူသတ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးစုံစမ်းစစ်ဆေးနေ

Mar 06 • 3:14 AM

breaking-news

မြန်မာ

ကချင်

cover

ဟိုပင်မြို့၌ ကလေးငယ်(၃)ဦးအပါအဝင် (၆)လောင်းပြိုင်လူသတ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးစုံစမ်းစစ်ဆေးနေ

ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ မြသာယာရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မတ်လ ၄ ရက် ညပိုင်းက ကလေးငယ် ၃ ဦး အပါအဝင် လူ ၆ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြ...

ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ မြသာယာရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မတ်လ ၄ ရက် ညပိုင်းက ကလေးငယ် ၃ ဦး အပါအဝင် လူ ၆ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သေဆုံးသူများမှာ နေအိမ်ပိုင်ရှင် ဇနီးမောင်နှံ၊ ၎င်းတို့၏ ကလေးငယ် ၃ ဦးနှင့် အိမ်အကူ အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး အားလုံးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို မတ်လ ၅ ရက် နံနက်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားရာ နေအိမ်အတွင်းရှိ မီးခံသေတ္တာမှာလည်း ရှေ့ခန်းသို့ ရောက်ရှိနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် လုယက်သတ်ဖြတ်မှု ဖြစ်နိုင်ကြောင်း ယူဆရပြီး၊ ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အထူးအမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။

news-view-count-icon

14