စစ်ကိုင်း၊ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်ထဲမှာ ကျောင်းသား ကျောင်းသူ လေးယောက်ရေနစ်သေဆုံးမှု ဖြစ်ပွား

Mar 05 • 7:06 AM

breaking-news

မြန်မာ

စစ်ကိုင်း

breaking-news
cover

စစ်ကိုင်း၊ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်ထဲမှာ ကျောင်းသား ကျောင်းသူ လေးယောက်ရေနစ်သေဆုံးမှု ဖြစ်ပွား

စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ် ၊ ချင်းတွင်းမြစ်အတွင်းကို ရေဆင်းကစားတဲ့ ကျောင်းသား ၊ ကျောင်းသူ လေးယောက် ရေနစ်သေဆုံးမှု ဖြစ်ခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် မီး...

စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ် ၊ ချင်းတွင်းမြစ်အတွင်းကို ရေဆင်းကစားတဲ့ ကျောင်းသား ၊ ကျောင်းသူ လေးယောက် ရေနစ်သေဆုံးမှု ဖြစ်ခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။ မနေ့က မတ်လ ၄ ရက် နေ့လယ် ၂ နာရီကျော်လောက်မှာ ကျောင်းသူကျောင်းသား ၁၁ ယောက် အဖွဲ့ ဟာ ချင်းတွင်းမြစ် ၊ နားသဲဘုန်းကြီးကျောင်း အောက်ဖက်ခြမ်း ဆိပ်ကမ်းမှာ ရေဆင်းကစားကြရာကနေ လေးယောက်က ရေနစ်သေဆုံးမှု ဖြစ်ခဲ့ကြတာလို့ သိရပါတယ် ။ရေနစ်သေဆုံးခဲ့တဲ့ ကျောင်းသားတွေက အသက် ၇ နှစ်အရွယ် G1 ကျောင်းသား ၊ အသက် ၁၂ အရွယ် G5 ကျောင်းသူ ၊ G6 ကျောင်းသူ ၊ အသက် ၁၅ နှစ်အရွယ် G10 ကျောင်းသူ တို့ဖြစ်ပြီး မြို့ပေါ် နောင်ဖွတ်မော်ရပ်ကွက်က ဖြစ်တယ်လို့ သိရပါတယ် ။

ကလေးတွေက ရေဆင်းဆော့ရာကနေ နစ်တယ်သိရတယ်။ ကျောင်းသူကသုံးယောက် ၊ ကျောင်းသားလေးက တယောက်ပါ။ မနေ့က ဖြစ်တာပါ။ မိသားစုက အကူအညီတောင်းလာလို့ ရှာဖွေရေးလုပ်ခဲ့တယ်။ မနေ့ကတော့ သေဆုံးရုပ်အလောင်းတခုပဲ ရတယ်။ ဒီနေ့တော့ ထပ်မတွေ့သေးဘူးသိရတယ်။ " လို့ ဟုမ္မလင်းမြို့နယ် မီးသတ်ဦးစီးအရာရှိက ပြောပါတယ်။ လက်ရှိမှာ ရေနစ်သေဆုံးသွားတဲ့အထဲက ကျန်တဲ့သုံးယောက်ရုပ်အလောင်း ရှာဖွေမှုကိုတော့ မိသားစုဘက်က ဆက်လက်ရှာဖွေရေးလုပ်နေပြီး မီးသတ်ဌာနဘက်ကတော့ ရှာဖွေရေးရပ်လိုက်ပြီလို့ သိရပါတယ်။



news-view-count-icon

11