ကယားပြည်နယ်၊လွိုင်ကော်မြို့မှာ စက်သုံးဆီ ဝယ်ယူရ ခက်ခဲလာ၊ တန်းစီစောင့်ဆိုင်းနေရပြီး အကန့်အသတ်နဲ့သာ ရောင်းချပေး

Mar 05 • 2:54 AM

breaking-news

မြန်မာ

ကယား

cover

ကယားပြည်နယ်၊လွိုင်ကော်မြို့မှာ စက်သုံးဆီ ဝယ်ယူရ ခက်ခဲလာ၊ တန်းစီစောင့်ဆိုင်းနေရပြီး အကန့်အသတ်နဲ့သာ ရောင်းချပေး

ကယားပြည်နယ် ၊ လွိုင်ကော်မြို့မှာ စက်သုံးဆီ ဝယ်ယူဖို့ ခက်ခဲလာပြီး ရောင်းချပေးတဲ့ ဓာတ်ဆီဆိုင်တွေမှာ အချိန်ကြာကြာ တန်းစီ စောင့်ဆိုင်းနေရတယ်လို့ လွိုင်ကော်မြို့ခံတွ...

ကယားပြည်နယ် ၊ လွိုင်ကော်မြို့မှာ စက်သုံးဆီ ဝယ်ယူဖို့ ခက်ခဲလာပြီး ရောင်းချပေးတဲ့ ဓာတ်ဆီဆိုင်တွေမှာ အချိန်ကြာကြာ တန်းစီ စောင့်ဆိုင်းနေရတယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။ဓာတ်ဆီ တလီတာကို ၃,၈၀၀ ကျပ် ပေါက်ဈေးရှိပြီး အပြောင်းအလဲတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ မြို့ခံတွေရဲ့ ပြောကြားချက်အရ မြို့ပေါ်က စက်သုံးဆီဆိုင်တချို့မှာ ဆီပြတ်လပ်မှုတွေရှိနေသလို တချို့ဆိုင်တွေက မရောင်းချပေးတော့တာ ရှိနေတယ်လို့ သိရပါတယ်။ ဖွင့်လှစ်ထားတဲ့ ဆိုင်တချို့မှာလည်း ပမာဏ အကန့်အသတ်နဲ့သာ ရောင်းချပေးတယ်လို့ မြို့ခံလူငယ်တဦးက အခုလို ပြောပါတယ်။ "ဆီက ဆိုင်ကယ်ဆိုရင် ၅,၀၀၀ ဖိုး၊ ကားဆိုရင် ၃၀,၀၀၀ ဖိုးအထိပဲ ဝယ်ရတော့တယ်။ အချို့ဆိုင်တွေဆိုရင် လုံးဝ မရောင်းပေးတော့ဘူး"လို့ အဆိုပါ မြို့ခံလူငယ်က ဆိုပါတယ်။

news-view-count-icon

14