စစ်ကိုင်းတိုင်း၊‎ဟုမ္မလင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ (၄) ဦး ရေနစ် သေဆုံးမှု ဖြစ်ပွား

Mar 05 • 2:29 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊‎ဟုမ္မလင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ (၄) ဦး ရေနစ် သေဆုံးမှု ဖြစ်ပွား

‎စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် မတ်လ (၄) ရက်နေ့က ဝမ်းနည်းဖွယ် ရေနှစ်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။‎အဆိုပါဖြစ်စဉ်မ...

‎စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် မတ်လ (၄) ရက်နေ့က ဝမ်းနည်းဖွယ် ရေနှစ်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။‎အဆိုပါဖြစ်စဉ်မှာ နာဂနှစ်ခြင်းအသင်းတော်၊ ဟုမ္မလင်း အသင်းဝင်များဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူကလေး (၁၁) ဦးသည် ချင်းတွင်းမြစ် ဆိပ်၌ ရေကူးကစားနေစဉ် မတော်တဆ ရေနစ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။‎ဖြစ်စဉ်အတွင်း ‎ပထမတန်း ကျောင်းသား (၁) ဦး၊‎ပဉ္စမတန်း ကျောင်းသူ (၁) ဦး၊ ‎ဆဋ္ဌမတန်း ကျောင်းသူ (၁) ဦး ‎နှင့် ဒသမတန်း ကျောင်းသူ (၁) ‎ဦး စုစုပေါင်း (၄) ဦး ရေနစ် သေဆုံးသွားခဲ့ကြောင်း အတည်ပြုထားသည်။ ‎ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါနေရာသည် ရေစီးအားပြင်းထန်သည့် နေရာတစ်ခုဖြစ်ပြီး မိုးရာသီမဟုတ်သော်လည်း ရေစီးပြင်းထန်နိုင်ကြောင်း သိရသည်။ ထို့ကြောင့် ကလေးငယ်များ ရေကူးကစားရာတွင် လုံခြုံရေးအထူးဂရုပြုရန် လိုအပ်ကြောင်း ဒေသခံအချို့က သတိပေးပြောကြားထားသည်။

news-view-count-icon

17