ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ ဗိုလ်ဆွန်ပတ်လမ်းတွင် အစ္စလာမ်ဘာသာဝင်တို့၏ ရာမဇာန်ဥပုသ်လ ညနေခင်း ဝါဖြေမုန့်ဈေးတန်းကို စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ရောင်းချလျက်ရှိရာ အစ္စလာမ်ဘာသာဝင်များသာမက ဘာသာပေါင်းစုံမှ အစားအသောက်ဝါသနာရှင်များလည်း တစ်ခဲနက် လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။ အဆိုပါမုန့်ဈေးတန်းတွင် ရိုးရာဝါဖြေမုန့်မျိုးစုံနှင့် အစားအသောက်များကို စုံလင်စွာ ရရှိနိုင်သဖြင့် ညနေခင်းအချိန်တိုင်းတွင် ဝယ်ယူသူများဖြင့် အထူးစည်ကားလျက်ရှိပြီး၊ ဤသည်မှာ ရန်ကုန်မြို့၏ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာဖြင့် ယဉ်ကျေးမှုနှင့် အစားအစာများကို မျှဝေခံစားကြသည့် လှပသော ပြယုဂ်တစ်ခုလည်း ဖြစ်သည်။
ရန်ကုန်မြို့ ဗိုလ်ဆွန်ပတ်လမ်းတွင် ရာမဇာန်ဝါဖြေမုန့်ဈေးတန်းဖြင့် စည်ကားလျက်ရှိ
Mar 04 • 5:41 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 30 | 0 | 0 | 0 |


