မွန်ပြည်နယ်အဆင့် (၇၇) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို မတ်လ ၂ ရက်၊ တပေါင်းလပြည့်နေ့ နံနက်က သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသား ဗိမာန်တော်၌ ပြည်နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။ယခုနှစ်(၇၇)ကြိမ်မြောက် မွန်ပြည်နယ်အဆင့် ပအိုဝ်းအမျိုးသားနေ့ကို တပေါင်းလဆန်း (၁၃)ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ ပအိုဝ်းယဉ်ကျေးမှုအကပြိုင်ပွဲနှင့် Miss Pa-O Thuwanakham 2026 ယဉ်ကျေးမှုအလှမယ်ရွေးချယ်ပွဲများ၊ တေးဂီတဖျော်ဖြေရေး အစီအစဉ်များ၊ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ခြင်းနှင့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကျင်းပခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။



