လက်ရှိအချိန်တွင်ဖြစ်ပေါ်လျက်ရှိသည့် ပဋိပက္ခဖြစ်စဥ်များကြောင့် ကူဝတ်နိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အရေးပေါ်အကူအညီလိုအပ်ပါက မြန် မာသံရုံး၊ ကူဝိတ်မြို့သို့ဆက်သွယ်နိုင်ကြောင်း အသိပေးခဲ့သည်အရေးပေါ်အကူအညီများလိုအပ်ပါက မြန်မာသံရုံး၊ ကူဝိတ်မြို့၏ ဖုန်း၊ +965 25240736 နှင့် အီးမေးလ် myankuwait11@gmail.com တို့သို့ဆက်သွယ်အကူအညီတောင်းခံနိုင်သည်ဟု အသိပေးခဲ့သည်။အလုပ်ချိန်အတွင်းဖြစ်ပါက မိမိတို့အလုပ်မှ ညွှန်ကြား သည် အရေးပေါ်လုံခြုံရေးဆိုင်ရာအချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ မိမိတို့၏ နိုင်ငံကူးလက်မှတ်၊ အရေးကြီးစာရွက်စာတမ်းများ၊ ရေနှင့်အစားအစာများ၊ ဖုန်း၊ ဆေးဝါးများ၊ Power Bank ၊ အဝတ်အစားများ နှင့် ကိုယ်ပိုင်အသုံးအဆောင်များကို စုစည်းပြင်ဆင်ထားရန် တိုက်တွန်းထားသည်။ထို့ပြင် အရေးမကြီးသော ခရီးသွားလာမှုများမပြုလုပ်ရန်၊ ကူဝိတ်ပြည်သူ့ကာကွယ်ရေးဌာနမှ ထုတ်ပြန်သည့် အရေးပေါ်အခြေအနေဆိုင်ရာ လမ်းညွှန်ချက်ကို https://www.moi.gov.kw/civildefense/en/safetyguide.aspx တွင် လေ့လာဖတ်ရှုထားရန်လည်း တိုက်တွန်းထားသည်။



