မြန်မာ့သမိုင်းလောကအတွက် ကြီးမားသော ဆုံးရှုံးမှု အဖြစ် သမိုင်းပညာရှင်ကြီး ဒေါက်တာကျော်ဝင်း ကွယ်လွန်သွားပြီလို့ သိရပါတယ်။သမိုင်းပညာရပ်ကို တစ်သက်တာလုံး အလုပ်အကျွေးပြုခဲ့တဲ့ဝါရင့်သမိုင်းပညာ ရှင်ကြီး ဒေါက်တာကျော်ဝင်း ဟာ အသည်းခြောက်ရောဂါဖြင့် ၂၀၂၆ခုနှစ်ဖေဖော်ဝါရီလ(၂၈)ရက်၊မနက်ပိုင်း(၄)နာရီခန့်က ရန်ကုန်မြို့မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ် ရှိပြီဖြစ်တဲ့ ဆရာကြီးဟာ မြန်မာ့သမိုင်းအဖွဲ့ (Myanmar Historical Commission) ရဲ့ အတွင်းရေးမှုး အဖြစ် တာဝန်ထမ်းဆောင်နေဆဲဖြစ်သလို၊ သူကွယ်လွန်မသွားခင် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု ကိုလည်း ဂုဏ်ယူစွာ လက်ခံရရှိခဲ့သူ ဖြစ်ပါတယ်။ဆရာကြီးဟာ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှာ ပါမောက္ခဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ရင်း မျိုးဆက်သစ် သမိုင်းပညာရှင်များစွာကို မွေးထုတ်ပေးခဲ့သလို၊ မြန်မာ့သမိုင်းနဲ့ ပတ်သက်တဲ့ သုတေသနစာတမ်းပေါင်းများစွာကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ကမ္ဘာသိအောင် တင်ပြခဲ့သူပါ။ ဆရာကြီးရဲ့ ကွယ်လွန်မှုဟာ မြန်မာ့စာပေလောကနဲ့ သမိုင်းသုတေသန နယ်ပယ်အတွက် အစားထိုးမရနိုင်တဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုကြီး တစ်ခုပဲ ဖြစ်ပါတော့တယ်။
မြန်မာနိုင်ငံ၏သမိုင်းပညာရှင်ကြီး ဒေါက်တာကျော်ဝင်းကွယ်လွန်
Feb 28 • 4:37 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 43 | 0 | 0 | 0 |


