အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို အနုပညာရှင်များမှ ဝန်းရံအားပေး

Feb 28 • 4:12 AM

breaking-news

မြန်မာ

ရန်ကုန်

cover

အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို အနုပညာရှင်များမှ ဝန်းရံအားပေး

ဖေဖော်ဝါရီ ၂၇ ရက်က စတင်ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲ ပထမနေ့တွင် နာမည်ကျော် အနု...

ဖေဖော်ဝါရီ ၂၇ ရက်က စတင်ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲ ပထမနေ့တွင် နာမည်ကျော် အနုပညာရှင်များ တက်ရောက်အားပေးခဲ့ကြသည်။ အဆိုပါပြိုင်ပွဲသို့ သရုပ်ဆောင် ကျော်ထက်၊ ရွှေအိမ်မင်းနှင့် သမီးငယ် မိုဂျီ၊ အစီအစဉ်တင်ဆက်သူ စိုးရီး၊ တေးဂီတပညာရှင် အကယ်ဒမီ ဟန်ထူးဇင်နှင့် သရုပ်ဆောင် မြယာတို့ တက်ရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကို နွေးထွေးစွာ ဝန်းရံအားပေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

13