ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်းများ ပြီးစီး၍ ငြမ်းများ ဖြုတ်သိမ်းနေပြီဖြစ်

Feb 26 • 1:44 AM

breaking-news

မြန်မာ

မွန်

cover

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်းများ ပြီးစီး၍ ငြမ်းများ ဖြုတ်သိမ်းနေပြီဖြစ်

မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် အတွင်းရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ကျောက်လုံးတော်ကြီး (၁၂) ကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်း ပြီးစီး၍ စ...

မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် အတွင်းရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ကျောက်လုံးတော်ကြီး (၁၂) ကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်း ပြီးစီး၍ စေတီတော်နှင့် ကျောက်လုံးတော်ကြီးအား ကာရံထားသော ငြမ်းများကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်ခန့်မှာ ဖြုတ်သိမ်းခဲ့တယ်လို့ စေတီတော် ဂေါပကအဖွဲ့ထံမှ သိရပါတယ်။အဆိုပါ စေတီတော်နှင့် ကျောက်လုံးတော်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူနိုင်ရန်အတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှစတင်ကာ ငြမ်းဆင်ခြင်း (၅) ရက်၊ သစ်စေးသုတ် (၁၅) ရက် ၊ ရွှေသင်္ကန်း ကပ်လှူခြင်း (၁၅) ရက် စုစုပေါင်း ၃၅ ရက်တိုင် ဆောင်ရွက်သွားရန် လျာထားခဲ့ရာမှ ၂၉ ရက်အကြာမှာ အောင်မြင်ပြီးစီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။လက်ရှိမှာ ကာရံထားသော ငြမ်းများအား အောင်မြင်စွာ ဖယ်ရှားရှင်းလင်းပြီး ဖြစ်တဲ့အတွက် ဘုရားဖူးများအနေဖြင့် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ကြည်ညိုဖွယ်ရာ ဖူးမြော်နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

news-view-count-icon

20