ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော် စတင်ကျင်းပ

Feb 25 • 4:34 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော် စတင်ကျင်းပ

ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၂၄ ရက်က စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။ဧရာဝတီတိုင်းဒေသကြီး၊ ...

ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၂၄ ရက်က စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့တွင် ကိန်းဝပ်စံပယ်တော်မူသော မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာ ဘုရားကြီး ၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်ကြီးအား ဖေဖော်ဝါရီ ၂၄ ရက်၊ နံနက်(၇)နာရီခန့်က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဦးဆောင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။အဆိုပါဖွင့်ပွဲသို့ သာသနာ‌ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဘုရားကြီး၏ဂေါပကအဖွဲ့ဝင်များ၊ မြိုမ/ဖများနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ကျေးရွာများမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးအား တပေါင်းလဆန်း ( ၉ ) ရက်မှ တပေါင်းလပြည့်ကျော် ( ၁ ) ရက်၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၃ ရက် အထိ (၈) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

13